တရားသံ နဲ့ ဆည်းလည်းသံ မကြားရတဲ့
စကားအသစ်တွေနဲ့ လူတွေရဲ့ မြို့ ....
ဒီဇင်ဘာမှာ နှင်းမကျတဲ့ မြို့
ကဖေးဆိုင်တွေ သီချင်းမဖွင့်တဲ့
ပဲပြုပ်သည် နဲ့ ဇီးသီးသည် မရှိတဲ့ မြို့ ....
ရက်ရာဇာ ပြဿဒါး မသိတဲ့
ရေတွေထဲ ဆေးတွေခပ် တဲ့ မြို့ ....
အကြင်နာတရား ခေါင်းပါးကြတဲ့
ရေတစ်ခွက် ပြားငါးဆယ် ပေးရတဲ့ မြို့ ....
ကောင်းကင်ကို မော့မကြည့်မိတဲ့
လသာတဲ့ ရက်တွေ မသိတဲ့ မြို့ ....
မိုးချုပ်မှ ကုန်းရုန်းထရတဲ့
ကြက် မတွန်ပဲ မိုးလင်းပေါင်းမနည်းတဲ့ မြို့ .....
..............................
..............................
OWN BY : AUNG SI
Post a Comment
Don't Forget To Say Something :)